Sunday, June 29, 2014

4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phone


Specifications

3G: CDMA EVDO 800/1900MHz
Dual sim card dual standby
Snapdragon MSM7625A single core 1.0GHz
Support TF card up to 32GB
Basic Information
Model
Coolpad 5109
Band
2G: CDMA1X 800
3G: CDMA EVDO 800/1900MHz
Single sim card
Service Provide  Unlocked
Style  Bar
Color  black
System
OS  Android 2.3
CPU Snapdragon MSM7625A single core 1.0GHz
ROM  512MB
RAM   256MB
Screen  Display Size 4.0 Inch
Type   capacitive touch screen TFT
Resolution 480*320pixels
Screen Color  16000K Colors
Support Format
Ringtones Type  Polyphonic/MP3
Audio File Format  MP3/WAV/AMR/AWB
Video File Format  3GP/MPEG4
Image File Format  JPEG/BMP/GIF/PNG/GIF
E-book Format  TXT/CHM/DOC/HTML
FM Radio  Yes, earphone needed
Card Extend  Support TF card up to 32GB extended
Data Transfer & Connectivity
Data transfer  USB/Bluetooth
Mobile internet  WAP/WIFI
General 
Camera/Picture Resolution
Single camera back 2.0mp
Message  SMS/MMS
Input  Handwrite/Keypad
TV  No
GPS  No
JAVA  No
WIFI  Yes, IEEE 802.11 n/b/g
Bluetooth    No
Gravity Sensor  Yes
Multi-Touch  Yes 
Dimensions  122.8x66.2x11.6mm
Net Weight(Including battery)  113g
Standby Time  About 2~3 days
Other Feature
3G, WIFI, FM, Ebook, Messaging,
wallpapers, calendar, calculator, clock, camera, etc
Package
1 x mobile phone
1 x earphone
1 x Charger 
1 x 1500mAh Battery
1 x USB Cable
1 x manu
whole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phonewhole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phonewhole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phonewhole price with 4.0" coolpad 5019 single core 1.0GHz MSM7625A 3G wifi android phone

Coolpad 5219 CDMA 3G phone

Brand Name:
Coolpad
Coolpad Model:
5820
Item Condition:
New
SIM Card Quantity:
Dual SIM Cards
Cellular:
GSM/CDMA2000
CPU:
Quad Core
CPU Manufacturer:
Qualcomm
RAM:
512M
ROM:
4G
Feature:
GPS Navigation,Email,MP3 Playback,Touchscreen,QWERTY Keyboard,Bluetooth,Wi-Fi,Memory Card Slots,Video Player,Gravity Response,TV Receive,Message,HD Video Player,GPRS
Operation System:
Android
Design:
Bar
Display Size:
5.0
Display Resolution:
854x480
Touch Screen Type:
Capacitive Screen
Screen LCD Type:
TFT
Language:
English,Russian,German,French,Spanish,Polish,Portuguese,Italian,Turkish,Norwegian
Display Color:
Color
Camera:
5MP
Battery Type:
Detachable
is_customized:
Yes
Size:
124.2x64.2x11.7mm
Band Mode:
2SIM/Dual-Bands
Camera Type:
Front & Back Camera
Thickness:
Slim(9mm-10mm)
Release Date:
2013
Unlock Phones:
Yes
Model Number:
5219
T2GQrpXmxbXXXXXXXX_!!1765012839T2P65rXrhXXXXXXXXX_!!1765012839T2pYbyXiFbXXXXXXXX_!!1765012839T2._YsXjhbXXXXXXXX_!!1765012839T2ldtFXeFOXXXXXXXX_!!1765012839T2o_6CXblbXXXXXXXX_!!1765012839T2o0ryXodaXXXXXXXX_!!1765012839T2HmnBXfFbXXXXXXXX_!!1765012839845351871_504845351861_569845351835_115

ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ


===============================
အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။
သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။ Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။
Self-motivation က ဒီအလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။
Work-life Balance ဖြစ်ရမယ်။ တစ်နေကုန် အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော်တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။ Work တစ်ခုတည်းမဟုတ်ဘဲ Life လည်း ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ မိသားစုက အရေးကြီးပါတယ်။ အလုပ်ကနေပဲ Retired ယူလို့ရတယ်။ မိသားစုမှာ Retired ယူလို့မရဘူး။
- ဒေါက်တာအောင်ထွန်းသက်

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ
==============

နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး အော်ပရေများသည် ၎င်းတို့၏မိုဘိုင်းဆင်းမ်ကတ် အချင်းချင်းခေါ်ဆိုမှုများအတွက် အခမဲ့ဝန်ဆောင်မှုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ ဖုန်းခေါ်ဆိုခ ပေးဆောင်ရန်မလိုသည့် အစီအစဉ်သည် အဆိုပါဆက်သွယ်ရေး အော်ပရေတာနှစ်ခုက ရောင်းချ မည့် Package Plan များအနက်မှ တစ်ခုဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13305#sthash.Giro3DxP.dpuf

Sony SmartWatch 2 FIFA Edition

Sony SmartWatch 2 FIFA Edition
=============

Sony ကနေ အသစ်ထွက်ရှိ ထားတဲ့ Smart Watch2 FIFA Edition အမျိုးအစား စမတ်နာရီပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ချိတ်ဆက်ကာ ဖုန်းလက်ခံခြင်း၊ reject လုပ်ခြင်း၊ ဖုန်းသံပိတ်ခြင်း၊ miss call notification ၊ SMS ၊ Email ၊ Gmail ၊ Facebook ၊ Twitter ၊ သီချင်း အသံအတိုး အကျယ်၊ ကင်မရာ၊ ပြက္ခဒိန်စတဲ့ စမတ်လုပ်ဆောင်များအပြင် PlayStore ကို နာရီကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင်ကွင်းအကျယ် ၁.၆ လက်မရှိတဲ့ Transflective LCD Display က resolution 220x176 pixels ထိထောက်ပံ့ ပေးနိုင်မှာဖြစ်ပြီး နေရောင်အောက်မှာ ကောင်းစွာကြည့်ရှုနိုင်တဲ့ Display အမျိုးအစား ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13306#sthash.mbzF2Rw1.dpuf

iBanking ဝန်ဆောင်မှုအား ဧရာဝတီဘဏ် စတင်မိတ်ဆက်


အင်တာနက် ဘဏ်စနစ်ဝန်ဆောင်မှု (iBanking စနစ်) အားဧရာဝတီမှ စတင်ကာဆောင်ရွက်လိုက်ကြောင်း သိရသည်။ iBanking ဝန်ဆောင်မှုမှာ မိမိတို့နေရာ၌ပင် ဘဏ်နှင့်အွန်လိုင်းမှ ချိတ်ဆက်၍ဘဏ်အကောင့် ဆိုင်ရာဆောင
်ရွက်ချက်များကို ဆောင်ရွက်နိုင်မည့် အစီအစဉ်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ် ဦးကပြောသည်။

“အခုလကနေစတင်ပြီး ဆောင်ရွက်လိုက်တာပါ၊ iBanking ဆိုတာကမိမိတို့ အိမ်ကနေ ပြီးတော့ ကွန်ပျူတာကနေတစ်ဆင့် အွန်လိုင်းနဲ့ချိတ်ဆက်ပြီး ဘဏ်ရဲ့ဆောင်ရွက်ချက်တွေကို ကြည့်ရှုနိုင်တဲ့စနစ်ဖြစ်ပါတယ်” ဟုအဆိုပါ တာဝန်ရှိသူကပြောသည်။ အွန်လိုင်းနှင့်ချိတ်ဆက်၍မိမိတို့ဘဏ်အကောင့်တွင် ငွေစစ်ခြင်း၊ ငွေလွှဲခြင်းစသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်မည်ဖြစ်သည် ဟုဆိုသည်။ iBanking စနစ်အသုံးပြုလိုသူများ အနေဖြင့်ဧရာဝတီဘဏ်တွင် ဘဏ်အကောင့်တစ်ခုနှင့် iBanking အတွက်အကောင့်တစ်ခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ “iBanking အကောင့်အတွက် နီးစပ်ရာဧရာ ဝတီဘဏ်ခွဲတိုင်းမှာ ဆောင်ရွက်ပေးပါတယ်” ဟုအထက်ပါ တာဝန်ရှိသူကဆက်လက် ပြောကြားသည်။

အကောင့်ဖွင့်ခြင်းအတွက် နှစ်စဉ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။ (၂၄) နာရီပတ်လုံး အသုံးပြုနိုင်မည် ဖြစ်ကာဘဏ်ပိတ်ရက်များ ဖြစ်သောစနေနှင့် တနင်္ဂနွေများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး

ဈေးပေါသော USB အားသွင်းစက်များ အသုံးပြုမှုကို ဩစတြေးလျ သတိပေး


အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှုနှင့် ဆက်စပ်ပြီး ဈေးပေါသည့် USBအားသွင်း ကိရိယာများကို အသုံးမပြုကြရန် ဩစတြေးလျ အာဏာပိုင်များက သတိပေး ကြေညာခဲ့သည်။
ဧပြီလအတွင်းက ဆစ်ဒနီမြောက်ပိုင်း ဂေါ့စ်ဖော့ဒ်တွင် အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် နားကြပ်များ တပ်ဆင်ထားပြီး ပေါင်ပေါ်တွင် Laptop ကွန်ပျူတာကို တင်ထားလျှက်သားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အမျိုးသမီး၏ ရင်ဘတ်နှင့် နားရွက်များတွင် လောင်ကျွမ်းထားသည့် ဒဏ်ရာများ ရှိနေခဲ့သည်။
ရဲတပ်ဖွဲ့သည် သေမှုသေခင်းနှင့် ပတ်သက်ပြီး အချိန်ယူ လေ့လာစစ်ဆေးခဲ့သည့်နောက် ဈေးပေါပေါ USB အားသွင်းစက်များကြောင့် ဓာတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဇွန်လ(၂၇)ရက်နေ့တွင် ကြေညာပြီး ယင်းကဲ့သို့သော အားသွင်းစက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် သတိပေးခဲ့သည်။
သေဆုံးသည့် အမျိုးသမီးသည် ဖိလစ်ပိုင်တွင် မွေးဖွားပြီး ဩစတြေးလျ နိုင်ငံသား ခံယူခွင့် ရထားသည်မှာ မကြာလှသေးချေ။ သူမသည် နားကြပ်ကြိုးကို Laptopတွင် ထိုးထားပြီး Laptopကို ဈေးပေါသည့် အားသွင်းစက် တစ်လုံးဖြင့် ဆက်သွယ်ကာ ပလပ်ထိုးထားခဲ့ကြောင်း သိရသည်။ ထို့အပြင် သူမ၏ဖုန်းမှာလည်း ဈေးပေါသည့် အားသွင်းစက် တစ်ခုဖြင့်ပင် အားသွင်းထားခဲ့သည်။
“USBအားသွင်းစက် တစ်ခုနဲ့ ဖုန်းကို အားသွင်းထားတာပါ။ ဒါပေမဲ့ အားသွင်းစက်ကတော့ အဲဒီအချိန်မှာ အလုပ်မလုပ်တော့ဘူး”ဟု နယူးဆောက်သ်ဝေးလ်စ် ကုန်သွယ်ရေးရာ ဌာနမှ လင်းနယ်လီ ကောလင်းစ်က AFPသို့ ပြောကြားခဲ့သည်။ “အားသွင်းစက်ထဲက ဓာတ်အားဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်နဲ့ ဆက်မိသွားတယ်။ ဖုန်းကို သူ့လက်ထဲမှာ ကိုင်ထားချိန်မှာလား၊ ဒါမှမဟုတ် နားကြပ်ကပဲ ဓာတ်လိုက်သွားတာလား ဆိုတာတော့ သေချာမသိဘူး”ဟုလည်း ကောလင်းစ်က ဆိုသည်။
သူမက လူအများအနေဖြင့် အီလက်ထရောနစ် ပစ္စည်းများကို ဈေးပေါသည့် USB အားသွင်းစက်များဖြင့် ချိတ်ဆက်မှုမှ ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။ “ကျွန်မတို့ကတော့ လူတွေကို သတိပေးချင်ပါတယ်။ ဈေးပေါတဲ့ အားသွင်းစက်တွေဟာ စိုးရိမ်စရာ အခြေအနေတွေကို ဦးတည်သွားနိုင်တယ်။ ဒီလိုဓာတ်အားသွင်းစက်တွေက လုံခြုံရေးစံနှုန်း သတ်မှတ်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး”ဟု ကောလင်းစ်က သတိပေးခဲ့သည်။
ဩစတြေးလျတွင် လုံခြုံရေး စံနှုန်းသတ်မှတ်ချက်များနှင့် မကိုက်ညီသော ကုန်စည်ပစ္စည်းများ ရောင်းချမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ဩစတြေးလျဒေါ်လာ (၈၇၅၀၀) သို့မဟုတ်၊ ထောင်ဒဏ်(၂)နှစ်ဖြစ်ကြောင်း သိရှိရသည်။
_Ref: Channelnewsasia

Friday, June 13, 2014

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး

ကျပ်သိန်း ၃၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဆက်သွယ်ရေး ၀န်ထမ်းများအား နေပြည်တော်မှ စစ်ဆေး

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်
 နည်းပညာဝန်ကြီး ဌာနမှ နေပြည်တော်
အင်ဂျင်နီယာ ချုပ် တာဝန် ထမ်း ဆောင်
နေသော ဦးသန်းထွန်း (ယခင်မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်း လက်ထောက်
အထွေထွေ မန်နေဂျာ)၊ AE ဦးသန်းအုန်း၊


AE ဒေါ်ဆွေ မာတို့အား ကျပ်သိန်း(၃၀၀၀)ကျော် အလွဲသုံးစား ပြုလုပ် သည် ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရေ ကြည်မြို့နယ်မှ စက်မှု(၄)ဦးနိုင်ဝင်း ၏ တိုင်ကြားထားမှုကို မေလ(၁)ရက်နေ့တွင် ဧရာဝတီတိုင်း ဆက်သွယ်ရေးရုံး၌ သက်ဆိုင်ရာဝန်ကြီးဌာနမှ လာ ရောက်စစ်ဆေး ခဲ့သည်။

အဆိုပါတိုင်ကြားထားသော တိုင်ကြားစာတွင် ယခုနေပြည် တော်အင်ဂျင်နီယာချုပ်ဖြင့်တာဝန် ယူနေသော ဦးသန်းထွန်းသည် ဧရာဝတီတိုင်းတွင် လက်ထောက် အထွေထွေမန်နေဂျာအဖြစ် တာဝန် ယူစဉ်ကာလ ၂၀၀၈-၂၀၀၉ခုနှစ်၊ ပုသိမ်ခရိုင် အင်ဂျင်နီယာ ဒေါ်ဆွေ မာ၊ မြို့နယ်တွင်း ကေဘယ်လ်လိုင်း ဌာနမှ AE ဦးသန်းအုန်း တို့နှင့် ပေါင်းကာ တယ်လီဖုန်းကျသင့်ငွေများ ပိုမိုတောင်းခံခြင်းများ အပါ အ၀င် ဌာနပိုင်ကေဘယ်လ်ကြိုးများ ရောင်းစားခြင်းစသည်ဖြင့် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ဌာန အတွက် မိမိ စိုက်ထုတ် ထားသော ငွေကြေးများအား ပြန်မပေးသည့် အပြင် မိမိအားအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ မဟုတ် မမှန် လီဆယ်တိုင် ကြားခြင်း ဖြစ်ပါက တရားဥပဒေအရ အရေးယူခံပါမည်ဟု ၀န်ခံကတိပြု ထားကာ မိမိ အလုပ်မှ ထုတ်ပယ်ခံရ သဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းသိမ်ငယ် နေသောကြောင့် ဖြစ်စဉ်အားပြန် လည်စစ်ဆေး ပြီး မိမိတွင်အပြစ် မရှိပါက တာဝန်ပြန်လည်ထမ်း ဆောင်ခွင့်ပြုပါရန်တို့ ပါဝင်သည်။…

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်ခရိုင်အင်ဂျင်နီယာ(ယခု တိုင်း အင်ဂျင်နီယာ) ဒေါ်ဆွေမာအား ဆက်သွယ် မေးမြန်းရာ ““ကျွန်မကို တော့ စနေနေ့က နေပြည်တော်က အဖွဲ့လာစစ်ပါတယ်။ ဆရာဦးသိန်း ထွန်းကိုတော့ စစ်ပြီးပြီလား သေချာ မသိရသေးပါဘူး။ ကျွန်မကတော့ ကိုယ်ဘာမှ မလုပ်ထားဘူးလို့ ပြော လိုက်တယ်။ နောက်ငွေပမာဏက လည်း ကျွန်မတို့အနေနဲ့တွက်ရင် အရမ်းများနေတယ်။ ကေဘယ်လ် ကြိုးကလည်း ရောင်း မယ်ဆိုရင်တောင် ၀ယ်မယ့်လူမရှိဘူး။ ကျွန်မ တို့ဆီမှာပိုနေတာအများကြီး။ သက်သက်သိက္ခာချချင်လို့ တိုင်တာ ပါ။ တိုင်ကြားစာတွေကို ၀န်ကြီးဌာနကို ပြန်လွှဲထားတော့ ဌာနကပဲလာစစ်တာပါ။ တိုင်တဲ့လူကိုတော့ ကျွန်မ ဘက်က ဘာမှပြန်မလုပ်ပါဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလွဲသုံးစားမှုအား တိုင်ကြားသူ ရေကြည်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စက်မှု-၄ (ဟောင်း) ဦးနိုင်ဝင်း အားမေးမြန်းရာ ““အဲဒီနေ့က နေပြည်တော်က အဖွဲ့ ခရီးသွားဟန်လွှဲ ၀င်နားတာ မျိုးပဲ ရှိတယ်၊ ကျွန်တော့်ကိုခေါ် ယူစစ်ဆေးတာမျိုးမရှိဘဲ ပြန်သွား တာ၊ ကျွန်တော်က လာစစ်စေချင် တာပါ။ ဒါမှအကုန် ပေါ်သွားမှာလေ။ သူတို့တွေကတော်တော်လုပ်ခဲ့တာ”” ဟု ပြန်လည်ပြော ဆိုသည်။

အဆိုပါတိုင်ကြားစာကို ဧပြီ လ (၂၂)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဆက်သွယ်ရေး နှင့်သတင်းအချက် အလက် နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လာဘ်ပေးလာဘ် ယူပပျောက်ရေး ကော်မရှင်တို့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmartandawsint Newspaper

ဝန်ဇင်း Mobile Application Version 1.5 ထွက်ရှိလို့လာပါပြီခင်ဗျာ


ဝန်ဇင်း Mobile Application Version 1.5 ထွက်ရှိလို့လာပါပြီခင်ဗျာ

ဝန်ဇင်း Mobile Application ကို

https://play.google.com/store/apps/details?id=com.bit.wunzin&hl=en

http://www.wunzinn.com/download/wunzinn.apk

http://www.bitmyanmar.com.mm/kanaung/wunzinn

များမှ အခမဲ့ Download ပြုလုပ်နိုင်ပါတယ်။

စာအုပ်များပိုမိုစုံလင်လာပြီး ယခင် Version များ၏ Issue များကို အသစ်Version တွင် ဖြေရှင်းပေးထားပါတယ်။ မိမိနှစ်သက်ရာ စာရေးဆရာများ၏ စာအုပ်များကိုလည်း နာမည်နှင့် ရှာဖွေဖတ်ရှုနိုင်ပြီး Download လုပ်ကာသိမ်းထားသောစာအုပ်များကိုလည်း Application Uninstall လုပ်မိ၍ဖြစ်စေ Firmware တင်၍ပျောက်ဆုံးသွားပါက ပြန်လည်ရှာယူဖတ်ရှုနိုင်ပါတယ်။ အသုံးပြုသူမိဘပြည်သူများအနေဖြင့် Register လုပ်သည့်အခါတွင် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ e-mail ရှိလျှင် account အမှန်များရေးကာ register ပြုလုပ်ပေးပါခင်ဗျာ။ ဒါမှလည်း စာဖတ်သူများ၏ Account Restore/Backup လုပ်ရာတွင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

စာအုပ်များကို ပြည်တွင်းကရော ပြည်ပရောက်နေသော မြန်မာစာပေချစ်သူများပါ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ Online Oversea Payment များပါပြုလုပ်ပေးထားပါတယ်။

မိမိနှစ်သက်ရာစာအုပ်များကို Facebook မှသူငယ်ချင်းများအတွက်ပါ Share ပြုလုပ်လာနိုင်ခြင်း၊ Application Size နည်းသွားခြင်း၊ စာအုပ်များ Download လုပ်ရတာလွယ်ကူခြင်း တို့ကြောင့် ၀န်ဇင်းစာအုပ်စင်သည် စာဖတ်ပရိသက်များအကြိုက်တွေ့စေမည့် Mobile Application တစ်ခုဖြစ်မှာ အမှန်ပါပဲခင်ဗျာ။

အကောင့်ပြုလုပ်ပုံ၊ အသုံးပြုပုံ၊ စာအုပ်များဝယ်ယူနည်းတွေကို Tutorial မှာ ၀င်၍လေ့လာနိုင်သလို Hot Line Phone Number 011220474 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အလုပ်မှာ ပျော်စေရန် နည်းလမ်း

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။
1. Surround yourself with people who love their work
တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။
2. Work to improve your strengths and talents
Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။
3. Identify the impact you want to have on the world
အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။
4. Learn as much as you can about the life you want
ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။
5. Try, and try again
ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း ( ရိုးရာလေး )

Saturday, June 7, 2014

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်
=====================
တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်အရောင်းမြှင့်တင်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။

တယ်လီနောမိုဘိုင်းဆင်းမ်ကတ်ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ ၂ရက်က ပြုလုပ်ခဲ့သည့် Net Monday ပွဲတွင်တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ်Mr.Petter Furbergက ပြောသည်။

မိုဘိုင်းဆင်းမ်ကတ်များကို 2G နှင့် 3Gနှစ်မျိုးရောင်းချပေးမည်ဖြစ်ပြီး မြို့ကြီးများတွင် 3Gမိုဘိုင်း ဆင်းမ်ကတ်များကို စတင်ရောင်းချပေးမည်ဖြစ်သည် ဈေးကွက်တွင် TLE(Long-Term Evolution)ပါဝင်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်သည့်အခါမှသာ တယ်လီနောက 4GLTE၀န်ဆောင်မှုကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တယ်လီနောက ဆက်သွယ်ရေးစခန်း တစ်ထောင်တည်ဆောက်ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး တစ်လလျှင်စခန်း ပေါင်းသုံးရာမှ လေးရာအထိ တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကြက်မှုကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်းရှစ်ထောင်ကျော်တည် ဆောက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။

တယ်လီနောမြန်မာကုမ္ပဏီက ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်Data Center များတည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အဓိကထား၍ 3G မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

@ 7 Days News
— feeling hopeful.

ဝမ်းနည်းပါတယ်ရှင်

ဝမ်းနည်းပါတယ်ရှင်
- မာဂျေ
“သြော်.. မြန်မာ့ ဆက်သွယ်ရေး၊ မြန်မာ့ ဆက်သွယ်ရေး၊ ဘာတွေလုပ်နေမှန်းကို မသိတော့ဘူး။ မနေ့က တပည့် မောင်ကျော်သီဟ (ဟင်္သာတ)ဆီကို ဖုန်းဆက်လိုက်တော့ လက်ကိုင်ဖုန်းမှာ “၀မ်းနည်းပါတယ်ရှင်”ဆိုတဲ့ အသံထွက်လာလို့ ငါ့တပည့်ကြီး ဘာများဖြစ်သလဲ၊ နေပြည်တော် အမြန်လမ်းက ခရီးသွားတယ်လည်း မကြားမိပါဘူး။ အခုရက်က မိုးရွာနေတော့ အရက် သောက်တာများပြီး ဦးနှောက်သွေးကြောလည်း မပြတ်လောက်ပါဘူးလို့ စိတ်ထင့်ရင်း ဆက်နားထောင်မှ လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်၊ ကျေးဇူးပြု၍ ပြန်လည်ခေါ်ဆိုပါရှင်”ဆိုတဲ့ အသံထွက်လာမှ မြန်မာ့ ဆက်သွယ်ရေးရဲ့ ယဉ်ကျေးလိမ္မာ အစီအစဉ်ဆိုတာ သိလိုက်ရတော့တယ်။
မြန်မာ့ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် ပြောစရာက အတော်များသား၊ ဒါပေမဲ့ မြန်မာ့ ဆက်သွယ်ရေးရဲ့ ၀န်ဆောင်မှု ညံ့ဖျင်းတာကို အကာအကွယ်ယူပြီး အနေအစား ချောင်နေသူတွေ ကလည်း မာဂျေတို့ အပါအ၀င် အများကြီးဗျ။ ဥပမာဗျာ အိပ်ယာထ နောက်ကျပြီး ချိန်းဆိုထားတာ နောက်ကျနေပေမယ့် ဖုန်းဆက်မေးရင် ရွှေဂုံတိုင် မီးပွိုင့်ရောက်နေပြီလို့ ဖြေနိုင်တာမျိုးကို ဘယ်သူက မဟုတ်ဘူး ပြောရဲမှာလဲ။ တယ်လီနောဆိုရင် ဗီဒီယို စနစ် စမ်းသပ် အောင်မြင်ပြီ ကြေညာထားတယ်။ တကယ်လို့ တယ်လီနော ဖုန်းသာသုံးနိုင်တဲ့ အချိန်ဆိုရင် ရွှေဂုံတိုင်မှာဆိုပြီး ညာလို့ဘယ်ရမလဲ။ ကိုယ့်လမ်းထိပ်က မြောက်ဥက္ကလာ မယ်လမုဘုရားကြီးပဲ ပေါ်နေရင် အလုပ်ပါ တစ်ခါတည်း ပြုတ်မှာ။
အဲဒီလိုပဲ အူရီဒူးကလည်း 3Gစနစ်သုံးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာ စမ်းသပ် အောင်မြင်နေပြီ။ အခု နေပြည်တော်မှာ စက်တွေတပ်ရင်း စမ်းသပ်နေသတဲ့။ ဒီဖုန်းလည်း သုံးလို့ အဆင်ပြေမှာ မဟုတ်ဘူး။ 3Gဆိုတာက ဆက်သွယ်မှု ကြည်လင်ပြီး ပြောရခေါ်ရ အရမ်းလွယ်သတဲ့။ ဒါဆိုရင် တစ်ဖက်ကို ပြန်မပြောချင်တာနဲ့၊ ကောင်းကောင်းလည်း ကြားနေပါလျက် ဟဲလို၊ ဟဲလို ဘာမှမကြားရဘူး ခင်ဗျ ဆိုပြီး ဖုန်းချပစ်တာတွေ လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ဆက်သွယ်မှု ဧရိယာပြင်ပလည်း ရောက်မှာ မဟုတ်သလို ကြည်လင်ပြတ်သားပြီး နောက်က ကာရာအိုကေမယ်လေးတွေရဲ့ အသံ၊ အနှိပ်သမလေး တွေရဲ့ အသံပါ တစ်ဖက်က ကြားသွားရင် ဒုက္ခများသွားနိုင်တယ်။ ဒါကြောင့် အဲဒီဖုန်းတွေပေါ်လည်း မာဂျေတို့က မသုံးရေးချ မသုံးပဲ။ မြန်မာ့ဆက်သွယ်ရေးကိုပဲ အားပေးမယ်ဆိုတာ ဒီနေရာက တိုင်းသိပြည်သိ ကြေညာမောင်းခတ်လိုက်ပါတယ်။ မြန်မာ့ ဆက်သွယ်ရေးက မကောင်းဘူး။ ငါတို့ကတော့ တယ်လီနောနဲ့ အူရီဒူးကိုပဲ အားပေးမယ်ဆိုတဲ့သူတွေ အဲဒီအချိန်ကျမှ ဒူးနဲ့မျက်ရည် သုတ်နေကြရမှာ မြင်ယောင်သေးတယ်။ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ကောင်းမွန်မှုကြောင့် ရန်ဖြစ်ရမယ့် လင်မယားတွေ၊ တရားရုံးတက်ပြီး ကွဲကြရမယ့် လင်မယားတွေ ပေါ်လာဦးမှာ အသေအချာပေါ့ဗျာ။
သေသေချာချာ စဉ်းစားကြည့်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ ကောင်းမွန်တဲ့ ၀န်ဆောင်မှုကရှိပြီး သားပါဗျ။ မပျက်မကွက် ဆောင်ရွက်ပေးနေတဲ့ ၀န်ဆောင်မှု တစ်ခုကို ပြောပြရရင်တော့ သင့်မှာ ငွေလက်ကျန် ၂၀၀ ကျပ်အောက် လျော့နေပါပြီ။ အမြန်ပြန် ငွေဖြည့်ပါလို့ ဘိုလိုမတ်စိ ပို့တယ်ဗျာ။ ငွေ ၂၀၀ အောက်မှာ ဖုန်းခေါ်မိရင် အဲဒီအဓိပ္ပာယ်ရတဲ့ ဘိုမသံနဲ့ ပြောတယ်ဗျာ။ ဒီတော့ မကောင်းပေလား။ ငါ့မှာ ငွေလက်ကျန်နည်း နေပြီဆိုပြီး ကိုယ်ဆက်ချင်တဲ့ ဖုန်းကို အပျော်မယ်လေးတွေ လုပ်သလို မစ်စ်ကော (Miss Call)ပဲ ပို့လို့ မရပေလား။ အဲဒီဝန်ဆောင်မှုသာ မရှိရင် ကိုယ့်မှာ ငွေဘယ်လောက် ကျန်မှန်းမသိ၊ ဘုမသိ ဘမသိနဲ့ တွန်းဆက်နေရင်း ဆက်ရင်း လိုင်းပြတ်မသွားပေလား။ ဒါတွေက ခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး အားသာချက်တွေ။ ဒီလိုပဲ အင်တာနက် ကွန်နက်ရှင် နှေးတာလေးကလည်း ကြံဖန်တွေးရင် ကိုယ့်အတွက် သက်သာရာ သက်သာကြောင်းဗျ။ တစ်လောက နေပြည်တော် ရုံးတစ်ရုံးကနေ မာဂျေဆီကို အီးမေးလ်ကနေ ဖိုင်တွေ ပို့လိုက်တယ်။ အဲဒီဖိုင်တွေကို ဒေါင်းပြီး သေသေချာချာ လေ့လာ။ ပြီးရင် သူတို့ဆီက ဆွေးနွေးပွဲမှာ ဆွေးနွေးပေးဖို့ မာဂျေက ပျင်းတော့ နေပြည်တော်ကို ဖုန်းလှမ်းဆက်လိုက်တယ်။ အီးမေးလ်တော့ ရတယ်။ ဖိုင်ဆိုက်က ကြီးတော့ ဒေါင်းလို့မရဘူး။ ဒီတော့ ဆွေးနွေးစရာလည်း ဘာမှမရှိတော့လို့ မလာတော့ဘူးနော်ဆိုပြီး။ အမှန်ကတော့ နေပြည်တော်လမ်းကို မသွားရဲတာလည်း ပါတာပေါ့ဗျာ။ အဲဒီလိုလည်း ကြံဖန်ပြီး ကောင်းကွက်လေးတွေ ရှာလို့ရပါတယ်ခင်ဗျ။
လူတွေက ကိုယ်က မကောင်းတာ။ တစ်သက်လုံး မြန်မာ့ ဆက်သွယ်ရေးနဲ့ပဲ နှစ်ပါးဂဟေ ဆက်လာပြီး အခုမှ ဂဏန်းပေါင်း မြင်လို့ ငါးကင်ကို ပစ်ချနေကြတာ။ အခုမှ အင်တာနက် ကွန်နက်ရှင် နှေးတယ်တို့၊ ခေါ်ရတာ ခက်တယ်တို့ ပြောနေရင်း ပြုတ်ပြုတ်ကျသွားလို့ အလုပ်တစ်ခုပြီးဖို့ လေးခါလောက် ခေါ်ရတယ်တို့နဲ့ လျှောက်ပြောနေကြတယ်။ အဲဒီလူတွေကို မေးချင်တယ်။ တစ်သက်လုံး ဒီလို ဖြစ်နေတာကို အခုအားကိုး နှစ်ခု ရှိလာတော့မယ် သေချာမှ ဘာလို့ ပြောနေကြတာလဲလို့။ ဒါပေသိ မြန်မာ့ ဆက်သွယ်ရေးရေ အားမငယ်ပါနဲ့။ ဘုရားနဲ့ အယူဝါဒ ပြိုင်တဲ့ ဆရာကြီး တစ်ယောက် ပြောသလိုပေါ့။ လောကမှာ လူကောင်းနဲ့ လူဆိုး ဘယ်သူများသလဲလို့ သူ့တပည့်တွေကို မေးတယ်။ လူဆိုးတွေက များတာပေါ့ ဆရာကြီးရယ် ဆိုပြီး ဖြေတော့ ဆရာကြီးက အေးလူကောင်းတွေက ဗုဒ္ဓဆီ သွားလိမ့်မယ်။ လူဆိုးတွေက ငါ့ဆီလာ လိမ့်မယ်တဲ့။ အဲဒီ စကားညွှန်းရရင် တယ်လီဖုန်း သုံးနေတဲ့ အထဲမှာ မာဂျေတို့လို ဟိုလိမ်ဒီလိမ်ချင်တဲ့ လူဆိုးတွေက မြန်မာ့ ဆက်သွယ်ရေးက ဖုန်းပဲ ဆက်သုံးကြမှာပါ။ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် ပိုကောင်းအောင်လည်း လုပ်မနေပါနဲ့။ အင်တာနက် ကွန်နက်ရှင် ကောင်းအောင်လည်း ငွေတွေ နိုင်ငံခြားပေးပြီး အင်တာနေရှင်နယ် ဂိတ်ဝေးတွေ ချဲ့မနေပါနဲ့။ တယ်လီဖုန်းက ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေရင်လည်း ၀မ်းနည်းပါတယ်ရှင် လုပ်နေစရာ မလိုတော့ပါဘူး။ မြန်မာ့ ဆက်သွယ်ရေးက ဖုန်းကိုပဲ သုံးကြဦးမှာပါ။ လောကကြီးမှာ လူဆိုးတွေက အများသားကိုးဗျ။
.... ဟာ ဟာ ဟ။
- မာဂျေ